သတင်းများ

ကမာရွတ်မြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကျင်းပ
Mar 24,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အိုမီခရွန်ရောဂါအကြောင်းအသိပညာပေး Talk Show ပြုလုပ်
Mar 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် အိုမီခရွန်ရောဂါအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့သည်။
ချောင်းသာ၌ လတ်တလောဖြစ်ပေါ်ခဲ့သော မုန်တိုင်းအန္တရာယ်ကြောင့် ခေတ္တရပ်ဆိုင်းထားခဲ့သော အခြေခံပညာအဆင့်စာမေးပွဲများ ဆက်လက်ဖြေဆိုမည်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ခေတ္တရပ်ဆိုင်းထားခဲ့သောအခြေခံပညာအဆင့် စာမေးပွဲများ မတ်လ ၂၅ ရက်နေ့တွင် ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ မုန်တိုင်းအခြေအနေကြောင့် ယာယီရပ်နားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းပြန်လည်စတင်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ မုန်တိုင်းဖြတ်ကျော်မည့် အခြေအနေ ကြောင့် မတ်လ (၂၂ ရက် နှင့် ၂၃) ရက်နေ့များတွင် ယာယီရပ်နားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယခင်ကာကွယ်ဆေး ထိုးစုရပ်ဖြစ်သည့်  အမျိုးသားခန်းမ၌ ယနေ့ နံနက်ပိုင်းမှစတင်၍ ပုံမှန်ပြန်လည် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 24,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)ကထုတ်ဝေသည့် ၂၀၂၂ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်(၁၀) နာရီ လမ်းဆုံ လမ်းခွများတွင် ဖြန့်ဝေခဲ့ ကြောင်းသိရသည်။
အောင်ချမ်းသာ အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အသင်းသားများ၏ စုဆောင်းငွေပေါ်အတိုးထုတ်ပေးခြင်း အခမ်းအနားကျင်းပ
Mar 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အောင်ချမ်းသာ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွက်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အသင်းသားများ၏ စုဆောင်းငွေပေါ် အတိုးထုတ်ပေးခြင်းအခမ်းအနားကို မတ်လ ၂၄ ရက် နံနက်(၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအတွက် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး
Mar 24,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း မြို့နယ်နေ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၏စီစဉ်မှုဖြင့် မြို့နယ်အတွင်း ဆန်၊ ဆီ သယ်ယူရောင်းချရေးယာဉ်ဖြင့် အခြေခံ စားသောက်ကုန်များ အား ဈေးနှုန်းသင့်တင်စွာလာရောက် ရောင်းချပေးခဲ့သည်။
တောင်တွင်းကြီးမြို့ အထက(၁)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 24,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁နာရီခွဲက ကျောင်းသား၊ ကျောင်းသူလူငယ်များ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် ကျန်းမာကြံခိုင်စေရေး ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန တို့က လူငယ်ရေးရာအသိညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။