ချောင်းသာ မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ခေတ္တရပ်ဆိုင်းထားခဲ့သောအခြေခံ ပညာ အဆင့်စာမေးပွဲများ မတ်လ ၂၅ ရက်နေ့တွင် ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း လတ်တလော ဖြစ်ပေါ်ခဲ့သော မုန်တိုင်းအန္တရာယ်ကြောင့် ယခုလ၂၂ ရက်နေ့တွင် ဖြေဆိုနေဆဲ အခြေခံပညာအဆင့် စာမေးပွဲများအား ခေတ္တရပ်ဆိုင်းထားခဲ့ရပြီးလာမည့် မတ်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် ဖြေဆိုရန်ကျန်ရှိသည့် ဘာသာရပ်(၂)ခုအားယခင် ဖြေဆိုခဲ့သည့် အချိန်များအတိုင်း ဆက်လက်ဖြေဆိုရမည်ဖြစ် ကြောင်းသိရှိရသည်။
ချောင်းသာမြို့တွင် ခေတ္တရပ်ဆိုင်းထားခဲ့သည့် အခြေခံပညာအဆင့်စာမေးပွဲများဆက်လက် ကျင်းပ မည်ဖြစ်သောကြောင့် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ယမန်နေ့က အဆိုပါကျောင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ကျောင်းတာဝန်ခံဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)