မောင်တော မတ် ၂၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)ကထုတ်ဝေသည့် ၂၀၂၂ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်(၁၀) နာရီ လမ်းဆုံ လမ်းခွများတွင် ဖြန့်ဝေခဲ့ ကြောင်းသိရသည်။
အဆိုပါ သတင်းစကား လက်ကမ်း စာစောင်များတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ ဗိုလ်ချုပ် အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ကဗျာများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်၏(၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ကဗျာ၊ ဆောင်ပုဒ်များအစရှိသည်တို့ပါဝင်သည့် လက်ကမ်း စာစောင် (၂၈၀)ခန့်အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူစည်ကားရာ လမ်းဆုံ၊ လမ်းခွများ စျေးဆိုင်များတွင် ဖြန့်ဝေ ပေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)