သတင်းများ

ပြည်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများထံ အခမဲ့ဖြန့်ဝေ
Mar 24,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး၀န်ထမ်းများက ယမန်‌နေ့နှင့် ယနေ့နံနက်ပိုင်းတွင် ပြည်သူများထံ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြန်အောင်၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  ၂၀၂၂ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်က ဌာနဆိုင်ရာရုံးများ၊ စျေးနှင့် အဝေးပြေးကားဂိတ်၊ လူစည်ကားရာနေရာများသို့ သွားရောက်ပြီး (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြော
Mar 24,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် အခြေခံပညာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၁)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Mar 24,2022
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ မေတ္တာရှင် (ရွှေပြည်သာ)ရေးသားသော ဗုဒ္ဓဘာသာခေါင်းဆောင်ထားသော အရှင်ဒေဝဒတ်၏ တပည့်များ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Mar 24,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေပြည်သာမြို့နယ် စာပေ ချစ်မြတ်နိုးသူများ အသင်းတို့ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
တနိုင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၅၂၀)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 24,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် အ‌ခြေခံပညာ အထက်တန်းကျောင်း စာစစ် ဌာန၌ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၅၂၀)ဦးရှိကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၌ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အတက်ရောဂါဆိုင်ရာ စီမံချက်သင်တန်း ဖွင့်လှစ်
Mar 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အတက်ရောဂါဆိုင်ရာ စီမံချက်သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရေးမှူးရုံးသင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန် သီဟိုဠ်စျေးကွက် ယခုနှစ် အမြင့်စျေးရရှိနေသည့်အတွက် တောင်သူများ တွက်ခြေကိုက်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန်တစ်ခုအနေဖြင့် သီဟိုဠ် စျေးကွက်မှာ  ရာသီသီးနှံအဖြစ် ဖေဖော်ဝါရီလကုန်ပိုင်းအချိန်မှ စတင်ကာ စျေးကွက်သို့ဝင်ရောက် လျက်ရှိပြီး မတ်လသို့ရောက်လျှင် သီဟိုဠ်စေ့များ လှိုင်လှိုင်ပေါ်သည့်အချိန်ဖြစ်သည်။ သီဟိုဠ်ရာသီချိန်မှာ မိုးမကျမီအချိန်အထိ စျေးကွက်မှာအရောင်း အဝယ်ဖြစ်၍မေလနှင့်ဇွန်လများတွင် မိုးဖြိုင်ဖြိုင် ရွာသွန်းပါက သီဟိုဠ်စေ့မှာ မိုးရေများဝင်ရောက်ပြီး အသီးမှာ မဲသွားသည့်အခါ စျေးကွက်တွင် အရောင်းအဝယ်မဖြစ်တော့ပဲ သီဟိုဠ်ရာသီချိန် ပြီးဆုံးပြီဖြစ်ကြောင်း စျေးကွက်မှ သိရသည်။