ပြည်ကြီးမဏ္ဍိုင် မတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် အိုမီခရွန်ရောဂါအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းနှင့် စာကြည့် တိုက်လက်ထောက်-၃(အင်အားပြ)ဒေါ်စိုးမြတ်နန္ဒာတို့က အိုမီခရွန် ရောဂါပိုးဟာ ကိုဗစ်-၁၉ရဲ့ မျိုးရိုးဗီဇပြောင်း ရောဂါတစ်ခု ဖြစ်ကြောင်း၊ လက္ခဏာတွေအနေဖြင့် ကိုယ်ပူခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်းများ ဖြစ် တတ်ကြောင်း၊ အိုမီခရွန်ရောဂါပိုးကူးစက်ဖြန့် ပွားမှု မရှိစေရန် ပါးစပ်နှင့် နှာခေါင်းစည်းတပ်ရန်၊ လူစု လူဝေး ရှောင်ရှားရန်၊ လက်ကိုဆပ်ပြာဖြင့်မကြာခဏ ဆေးရန်၊ ကာကွယ်ဆေးအား အကြိမ်ပြည့် ထိုးနှံထားရန်၊ ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံ ရသေးသူများ အနေဖြင့် ပြင်းထန်သည့် ရောဂါလက္ခဏာများ ဖြစ်တတ်ကြောင်း အစရှိသည့်အကြောင်းအရာများကိုအသိ ပညာ ဗဟုသုတ ရရှိ စေရန်အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်အားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရိနိုင်ရေးအတွက် မြို့ ပြည်သူ့စာကြည့်တိုက် Facebook Pageတွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)