ကျောက်ဆည်မြို့၌ စီမံခန့်ခွဲမှုမွမ်းမံသင်တန်း ဖွင့်လှစ်
Mar 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံထပ်ဆောင်အစည်းအဝေးခန်းမနှင့် ခရေအဆောင်တို့တွင် ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် မိမိတို့၏ လုပ်ငန်းများစနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု မွမ်းမံသင်တန်းကို ယနေ့နံနက်(၉)နာရီက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။