ကမာရွတ်မြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကျင်းပ

ရန်ကုန် မတ် ၂၄

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စိမ်းလဲ့ က၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်နှင့်အတူ တိုင်းရင်းသား ပြည်သူ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ တပ်မတော်အနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်များ နှင့် တပ်မတော်နေ့ဖြစ်ပေါ်လာပုံ အဆင့်ဆင့်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ယနေ့အချိန် ကာလတွင်တပ်မတော်မှ တာဝန်ယူဆောင်ရွက်နေ့သည့်၊ လူမှုရေး၊ စီးပွားရေး၊  တပ်မတော်နှင့်ပတ်သက်သော အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေး အစရှိသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး စာ​ရေးဆရာဦးထင်​ကျော်မိုး(​မြေလတ်ထင်​ကျော်မိုး)က တပ်မတော်နေ့ ဖြစ်ပေါ်လာရခြင်းအကြောင်းနှင့် တပ်မ​တော်၏ သမိုင်း​အကြောင်းအရာများကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

စိမ်းလ