တောင်တွင်းကြီးမြို့ အထက(၁)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

တောင်တွင်းကြီး မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁နာရီခွဲက ကျောင်းသား၊ ကျောင်းသူလူငယ်များ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် ကျန်းမာကြံခိုင်စေရေး ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန တို့က လူငယ်ရေးရာအသိညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်‌အေးအေးကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖြင့် ပြည်စုံစေပြီး နောင်အနာဂတ်ရဲ့ နိုင်ငံသားကောင်း၊ သမီးကောင်းများစွာ ပေါ်ထွန်းစေရန်အတွက် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးနှင့် အကျင့်စာရိတ္တကောင်းမွန်ရေးအတွက်‌ နွေရာသီ ကျောင်းပိတ်ရက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာနတွင် အခမဲ့ဖွင့်လှစ်သင်ကြားမည့် အင်္ဂလိပ်စာအ‌ခြေခံ Grammmarသင်တန်း၊ အ‌ခြေခံပန်းချီသင်တန်း၊ အ‌ခြေခံဂစ်တာတီးနည်းသင်တန်း‌၊ ရှေးဦးလူနာပြုစုနည်းသင်တန်းတို့ ဖွင့်လှစ်သင်ကြား‌ပေးမည်ဖြစ်‌ကြောင်း‌ ပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်ခင်မျိုးဆွေက ကျန်းမာရေးကဏ္ဍ၏ အရေးကြီးပုံနှင့် နွေရာသီကျောင်း ပိတ်ရက်တွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည်ဖြစ်သဖြင့် မိမိတို့ဝါသနာပါရာအလိုက် သင်တန်းများကို တက်ရောက်နိုင်ပါကြောင်း အသီးသီးဟောပြောခဲ့ကြကာ ကျောင်းသားကျောင်သူများအတွက် ဘောလုံးနှင့်ပိုက်ကျော်ခြင်းလုံးများကို‌ ကျောင်းအုပ်ဆရာမကြီး ထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါလူငယ်‌ရေးရာအသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ  ၁၅၀ဦးတို့တက်ရောက်ခဲ့ ကြောင်း သိရသည်။  

နိုင်ဝင်း(ပြန်ဆက်)