ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအတွက် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

ဆိပ်ကြီးခနောင်တို မတ် ၂၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း မြို့နယ်နေ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၏စီစဉ်မှုဖြင့် မြို့နယ်အတွင်း ဆန်၊ ဆီ သယ်ယူရောင်းချရေးယာဉ်ဖြင့် အခြေခံ စားသောက်ကုန်များ အား ဈေးနှုန်းသင့်တင်စွာလာရောက် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် ဆန်ကြမ်း ၅ ပြည်အိတ် ၂၅အိတ် ဆန်ချော ၅ ပြည်အိတ် ၂၅ အိတ်နှင့် ဆီ ၅၀ ကျပ်သားဘူး ၂၀၀နှင့် ကြက်ဥ ၁၀လုံးပါကတ် ၄၀ တို့ကို မြို့နယ်အတွင်း ဆိပ်ကြီး အရှေ့ရပ်ကွက်ရှိ မြို့ဦး စလင်းကျောင်းတိုက်ရှေ့ လူစည် ကားရာ နေရာတွင် ပြည်သူများ အားရောင်းချပေးခဲ့ရာ မြို့နယ်စည်ပင်သာယာ  ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း  သိရသည်။

ဝေယံ(IPRD)