တနိုင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၅၂၀)ဦး ဝင်ရောက်ဖြေဆိုမည်

တနိုင်း မတ် ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် အ‌ခြေခံပညာ အထက်တန်းကျောင်း စာစစ် ဌာန၌ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၅၂၀)ဦးရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန နှစ်ခုရှိပြီး အထက(၁)၊ အထက(၂)၊ အထက-လမုန်၊ အထက-ရှင်ဗွေယန်၊ အထက(ခွဲ)တိန်ကောက်၊ အထက(ခွဲ)တ တုံကျောင်း (၆) ကျောင်းမှ ကျောင်းသား/သူများမှာ ပြင်ပဖြေဆိုသူ ကျောင်းသား/သူ စုစုပေါင်း (၁၁၇)ဦးရှိထားပြီး ကျောင်းတွင်းဖြေဆိုသူ(၄၀၃)ဦး ဖြေဆိုသူ စုစုပေါင်း (၅၂၀)ဦးဝင်ရောက်ဖြေ ဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝါဝါ(ပြန်/ဆက်)