ရွှေပြည်သာ မတ် ၂၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေပြည်သာမြို့နယ် စာပေ ချစ်မြတ်နိုးသူများ အသင်းတို့ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်အေးအေးမိုးက စာဖတ်ဝိုင်းကျင်းပခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများ အသင်း အဖွဲ့ဝင်များက မေတ္တာရှင်(ရွှေပြည်သာ)ရေးသားထားသော ဗုဒ္ဓဘာသာခေါင်းဆောင်းထားသော အရှင်ဒေဝဒတ် ၏တပည့်များ စာအုပ်အားဖတ်ကြား၍ အအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက်တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ပြသထားသော စာအုပ်စာစောင်များနှင့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်နံရံကပ်စာစောင်များကို လှည့်လည် ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
နေမျိုးထွန်း