မြန်အောင်၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ

မြန်အောင် မတ် ၂၄  

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  ၂၀၂၂ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်က ဌာနဆိုင်ရာရုံးများ၊ စျေးနှင့် အဝေးပြေးကားဂိတ်၊ လူစည်ကားရာနေရာများသို့ သွားရောက်ပြီး (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ်မတ်လ(၂၇) ရက်နေ့တွင် ကျရောက်မည့် (၇)နှစ် မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊   ဗိုလ်ချုပ်အောင်ဆန်း၏ (၁၉၇၄)ခုနှစ် ဇွန်လဆန်း၌ ဗမာ့နိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး းချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်(၂၇-၃-၂၀၂၁)ရက်နေ့ (၇၆)နှစ် မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ "ကာကွယ်စောင့်ရှောက်သွားမည်သာ" ဆောင်းပါး၊ "တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်"၊ "အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ"၊ "တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်"ဆောင်ပုဒ်များနှင့် (၂၇-၃-၂၀၂၁)ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာမှ စိုးမိုး(ပုသိမ်)ရေးသားသော"နွေအလှ"ကဗျာများ ပါဝင်သော လက်ကမ်း စာစောင်များကို ပြည်သူများ လက်ဝယ်သို့(အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။    

ဝင်းဗိုလ် မြန်အောင်