ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများအား ဖြေဆိုခွင့်ကတ်ပြား များ ထုတ်ပေး

ကျွန်းစု မတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်ပိုင်းကစ၍ စာစစ်ဌာန (၅)ခု၌ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ်အတွင်းရှိ အ.ထ.က (ကျွန်းစု)၊ အ.ထ.က (ကတ္တလူ)၊ အ.ထ.က (စခန်းသစ်)၊အ.ထ.က (ကံမော်)နှင့် အ.ထ.က (သဇင်)ကျောင်း၊ စုစုပေါင်း စာစစ်ဌာန (၅)ခုတို့၌ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး  တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲတွင် တက်ရောက်ပညာ သင်ယူနေသည့် ကျောင်းသား (၁၃၈)ဦး၊ ကျောင်းသူ (၂၄၈)ဦး၊ စုစုပေါင်း(၃၈၆)ဦးနှင့် ပြင်ပမှ ဖြေဆိုမည့် ကျောင်းသား(၄၀)ဦး၊ ကျောင်းသူ(၈၁)ဦး၊ စုစုပေါင်း (၁၂၁)ဦး  ဝင်ရောက်ဖြေဆိုမည် ဖြစ်ရာ ဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာ စာစစ်ဌာနများ၌ မတ်လ (၂၄)ရက်နေ့မှ (၃၀)ရက် နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)