တောင်ငူ၌ အဘိုးအဘွားများအား ပူဇော်ကန်တော့ ထောက်ပံ့ငွေများနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း

တောင်ငူ ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကေတုမတီဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား မဟာသင်္ကြန် ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ​ကေတုမတီ ဘိုးဘွားရိပ်သာ မင်္ဂလာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားအား နမောတသ သုံးကြိမ်ရွတ်ဆိုကာ အဘိုးအဘွားများအား ပူဇော်ကန်တော့ ဖွင့်လှစ်သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင်က နှုတ်ခွန်းဆက် မင်္ဂလာစကား မြွက်ကြားသည်။ ထို့နောက် ကေတုမတီဘိုးဘွားရိပ်သာ အကျိုးဆောင်ကြီးကြပ်ရေးအဖွဲ့ နာယက ဦးမြင့်ညိုက ဘိုးဘွားရိပ်သာ ဖြစ်တည်ပုံနှင့် ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌ ဒေါ်ကျင်မေက အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် အဘိုးအဘွား (၂၄) ဦးအား ထောက်ပံ့ငွေများ၊  မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက စုပေါင်း လှူဒါန်းခဲ့ကြပြီး အလှူရှင်များအား ကေတုမတီဘိုးဘွားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်၍ ကေတုမတီဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ပူဇော်ကန်တော့ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အဘိုးဦးကျော်လှက ဆုတောင်းမေတ္တာများ ပို့သပေးပြီး အခမ်းအနားအား တက်ရောက်ကြသူများက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်ထက်(တောင်ငူ)