သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရပ်ကွက်များအလိုက် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပ

သင်္ဃန်းကျွန်း  ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရပ်ကွက်များရှိ သက်ဆိုင်ရာလမ်းများတွင် ယမန်နေ့ညနေ ၃ နာရီ အချိန်မှစ၍ မြန်မာ့ရိုးရာနှစ်သစ်ကူးမင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရဟန်းသံဃာတော်များက ရွတ်ဖတ် သရဇ္ဇယ်တော်မူကြပြီး  ကုသိုလ်ယူတရားနာ လာရောက်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထို့နောက် သံဃာတော်များအား ရပ်ကွက်နေ ပြည်သူများကစုပေါင်း၍ နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ပရိတ်တရားတော် လာရောက်နာယူကြသူများအား အလှူရှင်များက စတုဒီသာအဖြစ် ပေါင်မုန့်အုန်းနို့ဆမ်း၊ ရွှေရင်အေး မုန့်လက်ဆောင်း၊ အအေးများ လှူဒါန်းကြကြောင်း သတင်းရရှိသည်။

စန္ဒာမိုး