တိုက်ကြီးမြို့နယ်တွင် နှစ်ဦးဆွမ်းဆက်ကပ်ခြင်း၊ ပရိတ်တရားတော်နာယူပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွား ကန်တော့ပွဲ အခမ်းအနားကျင်းပ

တိုက်ကြီး ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် သံဃာတော် အရှင်သူမြတ်များအား နှစ်ဦးဆွမ်းဆက်ကပ်ခြင်း၊ ပရိတ်တရားတော် နာယူပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွား ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ​မြို့နယ်အတွင်းရှိ သံဃာတော်အရှင်သူမြတ် (၁၅) ပါးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက နှစ်ဦးဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူပူဇော်ကြသည်။ ထို့နောက် သက်ကြီး ဘိုးဘွား (၄၀) ဦးတို့ကို ကန်တော့ပွဲအား ဆက်လက်ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌ ဦးအောင်ကျော်စိုး ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်းအောင်၊ အဖွဲ့ဝင် (၂) ဦးမောင်မောင်လတ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင်