သတင်းများ

ပျော်ဘွယ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Mar 23,2022
ပျော်ဘွယ်မြို့နယ်ရှိ စာပေချစ်မြတ်နိုးသူများအသင်းဝင် (Book Club) များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာရေးသူ မိုးပန်းမွန်(ရာမည) ရေးသားသည့် ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို မတ်လ(၂၃)ရက်၊ နံနက်(၁၀)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် မုန်တိုင်းဝင်ရောက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီ
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင်အားကောင်းသောမုန်တိုင်းငယ် ဝင်ရောက်တိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့်အများပြည်သူပိုင်အဆောက်အဦးများ ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ဆီဆိုင်မြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Mar 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေသည်။
လှိုင်းဘွဲမြို့နယ်အတွင်း Grade- 9 အဋ္ဌမတန်း နှစ်ဆုံးအတန်းတင်စာမေးပွဲ ဖြေဆိုပြီးစီး
Mar 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ အခြေခံပညာအလယ်တန်းအဆင့် Grade-9 (အဋ္ဌမတန်းသင်ရိုးဟောင်း) အတန်းတင်စာမေးပွဲအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့ စာမေးပွဲမေးခွန်းများကို ကျောင်းသား၊ ကျောင်းသူလေးများက မတ်လ ၁၇ ရက်နေ့မှစ၍ မတ်လ ၂၃ ရက်နေ့အထိ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏အရှိန်ကြောင့် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့ သော်လည်း ဟင်္သာတခရိုင်အတွင်းရှိ ဆည်ရေလှောင်တမံများ ကန်ရေပြည့်မှတ်သို့ မရောက်ရှိ ကြောင်းသိရ
Mar 23,2022
အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏အရှိန်ကြောင့် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့သော် လည်း ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ဆည်ရေလှောင်တမံများဖြစ်သော မမြ၊ ကွန်ချောင်း၊ နန်ကသူနှင့် ကညင်ဆည် ရေလှောင်တမံများ ယနေ့နံနက် ၆ နာရီအချိန်ထိ ကန်ရေ ပြည့်မှတ်သို့ မရောက်ရှိကြောင်းသိရသည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၌ (၇၇) နှစ်‌မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၈)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာ များနှင့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း Book Club မှ စာဖတ်ဝိုင်း ကျင်းပ
Mar 23,2022
ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှု တတ်သော အလေ့အကျင့်ကောင်းများ
မုဒုံမြို့၌ သစ်တောများ မီးဘေးလုံခြုံရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ဟောပြောပွဲကျင်းပ
Mar 23,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ မွန်ပြည်နယ် မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီက သစ်တောများ မီးဘေးလုံခြုံရေးနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး ဟောပြောပွဲကို ပြုလုပ်သည်။