ဆီဆိုင် မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေသည်။
အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ (၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ကာကွယ်စောင့်ရှောက်သွားမည်သာ ဆောင်းပါးနှင့် ကဗျာဆရာ စိုးမိုး(ပုသိမ်)၏ နွေအလှ ကဗျာများပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်ကို ဆီဆိုင်မြို့အတွင်းရှိ ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် အလုပ်ရုံများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)