လှိုင်းဘွဲ မတ် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ အခြေခံပညာအလယ်တန်းအဆင့် Grade-9 (အဋ္ဌမတန်းသင်ရိုးဟောင်း) အတန်းတင်စာမေးပွဲအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့ စာမေးပွဲမေးခွန်းများကို ကျောင်းသား၊ ကျောင်းသူလေးများက မတ်လ ၁၇ ရက်နေ့မှစ၍ မတ်လ ၂၃ ရက်နေ့အထိ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
လှိုင်းဘွဲမြို့နယ်အတွင်း အခြေခံပညာအလယ်တန်းအဆင့် Grade-9 (အဋ္ဌမတန်းသင်ရိုးဟောင်း) နှစ်ဆုံးအတန်းတင်စာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၈၀၁)ဦးတို့က အေးချမ်းပျော်ရွှင်စွာဖြင့် ဝင်ရောက်ဖြေဆိုပြီးစီးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရ သည်။
လင်းသန့်(ပြန်/ဆက်)