ဟိုင်းကြီးကျွန်း မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင်အားကောင်းသောမုန်တိုင်းငယ် ဝင်ရောက်တိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့်အများပြည်သူပိုင်အဆောက်အဦးများ ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်မှ စတင်ဝင်ရောက် တိုက်ခတ်မှုကြောင့် ဟိုင်းကြီးကျွန်းမြို့ ပြင်ခရိုင်ကျေးရွာအုပ်စုတွင် လူနေအိမ်(၂)လုံး၊ ဒီးဒူကုန်းကျေးရွာ အုပ်စုတွင် လူနေအိမ်(၃)လုံးနှင့် စာသင်ကျောင်း(၁)ကျောင်း၊ ကျောက်ချောင်းကျေးရွာအုပ်စုတွင် လူနေအိမ်(၈)လုံး၊ သက္ကယ်သောင် ကျေးရွာ အုပ်စုတွင် လူနေအိမ်(၆)လုံး၊ ရေကျော်အောက် ကျေးရွာ အုပ်စုတွင်လူနေအိမ်(၁)လုံး၊ ညောင်ဝိုင်း ကျေးရွာအုပ်စုတွင် လူနေအိမ်(၁၈)လုံး၊ စာသင်ကျောင်း(၂) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့တွင် စုစုပေါင်း လူနေအိမ်(၃၇)လုံး၊ ဘုန်းတော်ကြီး ကျောင်း(၁)ကျောင်း၊ စာသင်ကျောင်း(၃)ကျောင်း နှင့်နားနေဆောင်(၁)ဆောင် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)