သနပ်ပင်မြို့၌ မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်ဖွင့်လှစ်

သနပ်ပင် ဧပြီ ၁၄

၁၃၈၃ ခုနှစ် မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်ကို ယမန်နေ့ ညနေ ၄ နာရီခွဲက သနပ်ပင်မြို့ လမ်းမတော်လမ်းထိပ် ဗဟိုရေကစားမဏ္ဍပ်၌ဖွင့်လှစ်ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် သင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယိမ်းအဖွဲ့များမှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေမှုနှင့်အတူ အတာရေစင်သွန်းဖျန်း၍ မြန်မာ့နှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ကြသည်။

ယခင်နှစ်များနည်းတူ မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား မြန်မာရိုရားယဉ်ကျေးမှုနှင့်အညီ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)