ပျော်ဘွယ် မတ် ၂၃
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံ ပညာအလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲကို မတ်လ(၂၃)ရက်နေ့တွင် အေးချမ်းစွာဖြေဆိုခဲ့ကြပြီး စာသင်နှစ်တစ်နှစ် ပြီးဆုံး၍ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ပျော်ရွှင်လျက်ရှိကြောင်း တွေ့ရသည်။
“ကျွန်မတို့တွေ ဒီကနေ့မှာ အထွေထွေသိပ္ပံဘာသာရပ်ကို ဖြေဆိုခဲ့ရတာဖြစ်ပါတယ်။ စာသင်နှစ်ပြီးဆုံးသလို စာမေးပွဲကိုလည်းအောင်မြင်စွာဖြေဆိုနိုင်ခဲ့ပါတယ်ရှင်၊ ပျော်လည်းပျော်တယ်၊ သူငယ်ချင်းတွေနဲ့ခေတ္တခွဲရဦးမှာဆိုတော့ ဝမ်းနည်းတာလည်းရှိပါတယ်၊ အေးချမ်းစွာဖြေဆိုခွင့်ရတဲ့အတွက် အားလုံးကိုလည်းကျေးဇူးတင်ပါတယ်”ဟု ကျောင်းသူတစ်ဦးကပြောသည်။
မင်းမင်းထွေး(ပျော်ဘွယ်)