သပိတ်ကျင်းမြို့နယ်၌ သဘာဝဘေးအန္တရယ်များ ကျရောက်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ဇတ်တိုက်လေ့ကျင့် ဆောင်ရွက်

သပိတ်ကျင်း မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များအနေဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဇတ်တိုက်လေ့ကျင့်ရေးလုပ်ငန်းများကို အဆိုပါမီးသတ်ဦးစီးဌာနဝန်းအတွင်းနှင့် ကမ္ဘာအေးကွက်သစ်ရပ်ကွက်ကျောက်တိုင်ကွင်းတွင် တပ်ဖဲ့ဝင်များပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ဇတ်တိုက်လေ့ကျင့်လျက်ရှိသည်။

မြိုနယ်မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်သော မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ကမ်းပါးပြိုဘေးများကျရောက်လာပါက အချိန်မှီ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဇတ်တိုက်လေ့ကျင့်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

စိုးနိုင်ဝင်း( သပိတ်ကျင်း)