လဟယ်မြို့တွင် ငရုတ်သီးထုတ်ကုန်ပြပွဲကျင်းပ

လဟယ် မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဒေသစိုက်ပျိုးရေး ဦးစီးဌာနက ကြီးမှူးကျင်းပသော လုပ်ငန်းရှင်ကြီးများနှင့် ငရုတ်သီးနှံထုတ်ကုန်ပြပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲချိန်က ဒေသစိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီဌာနဒေသတာ၀န်ခံ ဦးသိန်းထွန်းတင်မှ ငရုတ်သီးနှင့် ထုတ်ကုန် များအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းရှင်တောင်သူများက ငရုတ်သီးနှင့် ထုတ်ကုန်များ တင်သွင်းနေမှု အခြအနေများ ဒေသနှင့်ကိုက်ညီသည့်မျိုးစေ့များ ထောက်ပံ့နိုင်ရေး ဆွေးနွေး ကြပြီး ငရုတ်သီးထုတ်ကုန်များ ခင်းကျင်းပြမှုအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးနေမင်းသူနှင့် အဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဇာနည်၀င်းနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊လဟယ်မြို့ပေါ်မှ လုပ်ငန်းရှင် တောင်သူများ၊ ဒေသစိုက်ပျိုးရေး တာ၀န်ခံ ဦးသိန်းထွန်းတင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)