ပုသိမ်ခရိုင်၊ Community Centre ခန်းမတွင် စာဖတ်ဝိုင်းနှင့် ဆွေးနွေးပွဲကျင်းပ

ပုသိမ် မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌   အပတ်စဉ် ကျင်းပပြုလုပ်သည့်   စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဦးဝင်းရှိန် (လက်ထောက်ညွှန်ကြားရေးမှူး) မှ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အလေ့အထကောင်းတစ်ရပ်အနေနဲ့ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ပုသိမ်ခရိုင် (Community Centre) မှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သော (Youth Club) အဖွဲ့မှ အဖွဲ့ဝင်များက စာရေးဆရာ ရွှေဘိုသန်းထွန်း ရေးသားသည့် ချစ်စရာ့မြန်မာပြည်နှင့် အခြားဆောင်းပါးများ စာအုပ်မှ (စာ.၉၅)ရှိ “မိတ်ကောင်းဆွေကောင်းခေါင်းစဉ်” ကို ဒေါ်အိအိဖြိုး (Youth Club အဖွဲ့ဝင်) မှ လည်းကောင်း၊ (စာ.၁၂၁) မှ လူထုအတွက်လား၊ လူတစ်စုအတွက် လားခေါင်းစဉ်ကို ဦးကျော်လင်းဦး (Youth Club အဖွဲ့ဝင်) မှ လည်းကောင်း စာဖတ်ဝိုင်းကျင်းပဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြရာ ပုသိမ်ခရိုင် ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ခိုင်နှင့် ရုံးဝန်ထမ်းများမှ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)