မိုးညို နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက် (၉)နာရီက ညောင်ဝိုင်းကျေးရွာအုပ်စုရှိ နဒီဧရာဆိပ်ကမ်းသာ မြစ်မခမြစ်အတွင်း ပြုလုပ်ခဲ့သည်။
အဆိုပါငါးလွှတ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်းများ စုပေါင်း၍ ငါးမြစ်ချင်းကောင်ရေ (၂၀၀၀)ကို နဒီဧရာဆိပ်ကမ်းသာ မြစ်မခမြစ်အတွင်း ဇီဝိတဒါန ငါးလွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)