တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

တံတားဦး နိုဝင်ဘာ ၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အခြေခံပညာတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီက တံတားဦး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည် ။

အခမ်းအနားတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က မော်တော်ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ်စီးနင်းလာသူများအား  ယာဉ်မောင်းများလိုက်နာရမည့်အချက်များ၊ ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် အချက်များ၊ မော်တော်ဆိုင်ကယ်တွင် နောက်ကြည့်မှန်တပ်ဆင်စီးနင်းကြရန် ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ထားသည့် မော်တော်ယာဉ် ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်

ထို့နောက် အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာသူများက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သတ်၍ မိမိတို့ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးတို့က ပြန်လည် ဖြေကြားပေးကြသည်။ အဆိုပါ အခမ်းအနားသို့ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီအရာရှိနှင့် ဝန်ထမ်းများ၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ၊ ဆရာ/မများ တက်ရောက်ကြကြောင်း သိရသည်။

ဦးရဲတင့်( ပြန်/ဆက်)