လောင်းလုံးမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ၊ ဟောပြောပွဲ ကျင်းပ

လောင်းလုံး  နိုဝင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည် ရည်သွေး ထက်မြက်စေရန်နှင့် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအား သိရှိစေရန်ရည်ရွယ်၍ ယနေ့ညနေ( ၃) နာရီအချိန်က ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဟောပြောပွဲများ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအား အသိပညာပေး ဟောပြောခြင်းနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားက၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပကာ ကျောင်းသား၊ သူများက စိတ်ပါဝင်စားစွာဖြင့် ယှဉ်ပြိုင်ကာ ဦးစီးအရာရှိက အမှတ်တရပစ္စည်း လက်ဆောင်များ ပေးအပ်ခဲ့၍ နံရံကပ်စာစောင်အား ပြသကာ ကျောင်းသား၊သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြာင်း သိရသည်။

သိန်းသိန်း( လောင်းလုံး)