တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်

တောင်သာ နိုဝင်ဘာလ ၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။               

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့ (Book Club)အဖွဲ့ဝင်များမှ စာရေးဆရာ ဆူးသစ် ရေးသားသော ခွန်အားရှိသောစာ ခွန်အားရှိသောလူငယ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ခဲ့ရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များမှ ခွန်အားရှိသောစာ ခွန်အားရှိသောလူငယ် စာအုပ်ပါ အကြောင်းအရာများမှ လူငယ်နှင့် အတုယူခြင်း အခန်းမှာပါရှိသည့် လူငယ်တွေအနေနဲ့ အသစ်အဆန်းတွေ ကြုံသမျှ အတုမယူနှင့်မဟုတ် ယူသင့်တာယူပါ။ ကောင်းတာနှင့် ဆိုးတာကတော့ ခွဲခြားတတ်ဖို့လိုမည်ဖြစ်ပါကြောင်း၊ လူငယ်တွေမှာ စဉ်းစားသုံးသပ်တတ်ဖို့ အချိန် အခွင့် အရေးတွေရတိုင်း စဉ်းစားရမှာ ဖြစ်ပါကြောင်း စသည့် အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း   သိရသည်။   

ကျော်မျိုးနိုင်(တောင်သာ)