မိုင်းဖြတ်မြို့နယ်၌ မီးဘေးသင့်မိသားစုဝင်အား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများထောက်ပံ့ပေးအပ်

မိုင်းဖြတ် နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီး​ဘေးသင့် မိသားစုဝင်အား ​ထောက်ပံ့​ငွေနှင့် မိသားစုအသုံးအ​ဆောင်များ ​ထောက်ပံ့​ပေးအပ်ခြင်းကို ယမန်​နေ့မွန်းလွှဲ ၂နာရီက မြို့နယ်အုပ်ချုပ်​ရေးမှူးရုံးခန်း၌ ​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့​ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ် အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ​ဒေါ်သက်ထားဇာဇာတို့က ​အောက်တိုဘာလ ၂၄ ရက်က ​တောညု​ကျေးရွာ တွင် ဘက္ထရီအိုးအားသွင်းထားရာမှတစ်ဆင့် ​နေအိမ်မီး​လောင်ကျွမ်းခဲ့သည့် အိမ်​ထောင်စု တစ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး(၂၃၀၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးကို ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။

သန်းထွန်းအေး