ဝမ်ကျိုင်းကျေးရွာရှိ ဝပ်ဇလီကြွမ်းခမ်းစေတီတော် ရွှေထီးတော်တင်အလှူမင်္ဂလာအခမ်းအနားကို နိုဝင်ဘာ (၃)ရက်နေ့မှ(၇)ရက်နေ့ထိ ကျင်းပမည်

မိုင်းယု နိုဝင်ဘာ ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာ၏အနောက်ဘက် ဆရာတော် အရှင်ခန္တိကော သီတင်းသုံးတော်မူသည့် ဝပ်ဇလီကြွမ်းခမ်းကျောင်းရှိ ဝပ်ဇလီကြွမ်းခမ်းစေတီတော်မြတ်ကြီးအား ရွှေထီး တော်တင် အလှူမင်္ဂလာအခမ်းအနားကို နိုဝင်ဘာ  ၃ ရက်နေ့မှ ၇ ရက်နေ့ထိ အဆိုပါကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဝပ်ဇလီကြွမ်းခမ်းစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်အလှူမင်္ဂလာအခမ်းအနားအား ဒေသခံအလှူရှင်များ၊ အနယ်နယ်အရပ်ရပ်မှ ကုသိုလ်ရှင်ပြည်သူများက ယင်းစေတီတော်မြတ်ကြီး ရွှေထီးတော်တင် အလှူမင်္ဂလာအခမ်းအနားတွင် လှူဖွယ်ဝတ္ထုများ ပါဝင်လှူဒါန်းနိုင်ခြင်း၊ တရားတော်နာယူနိုင်ခြင်းနှင့် ဆရာတော်အား ဖူးမြော်ကြည်ညှိကာ လာရောက်ကုသိုလ်ပြုလှူဒါန်းနိုင်ရန်အတွက် အသိပေးကုသိုလ်ပြု နှိုးဆော်လိုက်ရပါသည်။

ကိုကိုနိုင်(မိုင်းယု)