ရသေ့တောင်မြို့တွင် ရောဂါကူးစက်ခံ ပြည်သူများအတွက် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်များအား စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ရသေ့တောင်  နိုဝင်ဘာဘာ ၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ရောဂါကူးစက်ခံပြည်သူများအတွက် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်များအား စိုက်ပျိုး‌ရေး ဦးစီးဌာနမှ‌ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်(၁၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ‌ ထောက်ပံ့‌ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက် အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုး‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးတင်‌မောင်ဝင်းမှ ဆန်များ‌ ထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြေားခဲ့သည်။ အခမ်းအနာသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးကဲများ၊ ကိုဗစ်-၁၉ ဖြစ်ပွားခဲ့သည့် ပြည်သူများနှင့် ကျေးရွာအုပ်ချုပ်‌ရေးမှူးများ တက်ရောက်ခဲ့ကြသည်။ ပြည်သူ(၁၅၂)ဦးအတွက်  ကိုဗစ်-၁၉ ဒုတိယလှိုင်း ကူးစက်ခံရသည့် လူတစ်ဦးလျှင် ဆန်(၇)ကီလိုစီဖြင့် ဆန်အိတ်(၂၁၂၈) အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)