ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း အရှိန်မပျက်ဆောင်ရွက်ပေး

ရေဦး နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်၀န်‌ဆောင်မိခင်နှင့် ကလေးများ၏ ကျန်းမာရေးအတွက် လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းများကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ အရှိန်မပျက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ရာတွင် ပြည်သူ့ကျန်းမာရေးကုသရေးဦးစီးဌာန မြို့နယ်ဆရာ၀န်ကြီး၏ လမ်းညွှန်မှုဖြင့် သူနာပြုဆရာမကြီး ဒေါ်ဌေးဌေးသန်း ဦးဆောင်သော ဆရာ ဆရာမများက မွေးကင်းစမှစ၍ ၂ လ၊ ၄ လ၊ ၆ လ၊ ၉ လ အရွယ်အထိ ဘီစီဂျီ၊ အသည်းရောင်အသားဝါဘီ၊ ပိုလီယို၊ ပီစီဘီ၊ ငါးမျိုးစပ်၊ ၀က်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စသည့် ဆေးထိုး ဆေးတိုက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ဆောင်ရွက်ပေးရာတွင် ရေဦးမြို့နယ်အပြင် အခြားမြို့နယ်များမှ ဆေးထိုးဆေးတိုက်လာကြသည့် မိခင်နှင့်ကလေးများလာသည့်အတွက် နှစ်ရက်ဆက်တိုက်‌ ဆေးထိုးဆေးတိုက်ပေးလျက်ရှိရာ မွေးကင်းစမှ ကိုးလအထိ ကလေးစုစုပေါင်း ၁၂၀၀ ဦး ဆေးထိုး ဆေးတိုက်ပေးနိုင်ခဲ့ကြောင်း သူနာပြုဆရာမကြီးက ပြောသည်။

မြို့နယ်(ပြန်/ဆက်)