အမ်း နိုဝင်ဘာ ၂
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး ခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီတွင် အဗ္ဗနဒီမြို့မစျေးရှေ့ လမ်းဆုံလမ်းမ၌ ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ အသိပညာပေးဆောင်ရွက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ ရောင်းချလျက်ရှိသည့် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ လာရောက်ဝယ်ယူသည့် ဒေသခံ ပြည်သူများ၊ မြို့တွင်းသွားလာလှုပ်ရှားနေကြသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန် နေအိမ်ပြင်ပ သို့ ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါကကွယ်ဆေး အကြိမ်ပြည့်မပျက်မကွက် ထိုးနှံကြရန် စသည်တို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း Mask (၁၀၀၀) ခု အား အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
စိုးမင်းထွန်း