သတင်းများ

မိတ္ထီလာတွင် စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
Apr 03,2022
မိတ္ထီလာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေ ဦးစီးဌာန၊ မြို့နယ်စာရေး ဆရာအသင်းနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ဝိုင်းနှင့် အလှူရှင်မှ လှူဒါန်းသည့် စာအုပ်များလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။
ကျိုက်မရော၌ အသက်တစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်
Apr 03,2022
ကျိုက်မရောမြို့နယ်အတွင်းရှိ အသက်တစ်နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းကစ၍ အောင်သုခ ရပ်ကွက်ရှိ ကျန်းမာရေး ဆေးပေးခန်း၌ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း လီမီတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Apr 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမ အသင်းလီမီတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တို့ အတွက် အသင်းသားများအား အမြတ်ငွေထုတ်ပေးခြင်းနှင့် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က သိန္နီမြို့၊ ရပ်ကွက်(၁) စျေးတန်း ခန်းမတွင် ကျင်းပခဲ့သည်။
တွံတေးမြို့နယ်၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ရပ်ကွက်၊ ကျေးရွာများ၌ ဆက်လက်ထိုးနှံပေး
Apr 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရ သေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စု များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်၉ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူ များအား COVISHIELD ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို၊ ကွမ်းခြံရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့ ကျေးလက်ကျန်းမာရေးဌာန၌  အသက် ၂လမှစ၍ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ် များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်
Apr 03,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင်  လစဉ် အသက် ၂လ မှစ၍ အသက် (၁)နှစ်ခွဲ အရွယ် ကလေးငယ်များအား ဘုရားသုံးဆူမြို့ ကျေးလက်ကျန်းမာရေးဌာနတွင် နံနက် ၉ နာရီ အချိန်က  ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများ  ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဆဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Apr 03,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ဆဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာအ.ထ.ကကျောင်း  နဝရတ်ခန်းမ နှင့် စုရပ်(၃)နေရာအားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့၊ မြို့အဝင်စစ်ဆေးရေးဂိတ်၌ခရီး သွားပြည်သူများ နိုင်ငံသားစိစစ်းရေးကတ် (မှတ်ပုံတင်)ကိုင်ဆောင်သွားလာခြင်း ရှိ/မရှိစစ်ဆေး
Apr 03,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ မြို့အဝင် နေပြည်တော်၊ မြို့သစ်၊ ကံပြားလမ်းဆုံ စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်းရေးကတ် (မှတ်ပုံတင်) ကိုင်ဆောင်၍ ခရီးသွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ၂၀၂၂ ဧပြီ ၁ ရက်က စတင်စစ်ဆေးလျှက် ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့၌ ယနေ့လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 03,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ယနေ့လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ စာရေးဆရာများ၊ Book Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။