သတင်းများ

ဖြူးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ (၄)ရက်မြောက်နေ့ ဖြေဆို
Apr 04,2022
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို (၄)ရက်မြောက်နေ့ ဖြေဆိုမှုကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ စာစစ်ဌာန ၅ခုတွင် ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Apr 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်က စတင်ကာ သိန္နီမြို့ အခြေခံပညာအထက်တန်ကျောင်း (၁) စာစစ်ဌာန တစ်ခုတည်း၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Apr 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၉၇.၃၆%) ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ဒုတိယပညာရေးမှူး ဆရာကြီး ဦးစိုးနိုင်ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်း အရှိန်အဟုန်မပျက်ဆောင်ရွက်
Apr 04,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြုမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ များ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ငူ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Apr 04,2022
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်ကို တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
အလုံမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ၌ ပညာဒါန အ​ခြေခံပန်းချီ​ရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Apr 04,2022
​လူငယ်၊ လူရွယ်များ ​နွေရာသီ​ကျောင်းပိတ်ကို အကျိုးရှိစွာ အသုံးချတတ်​စေရန်နှင့် ပန်းချီဝါသနာကို မြှင့်တင်​ပေးနိုင်ရန်အတွက် ရည်ရွယ်ကာ ပညာဒါန အခြေခံပန်းချီ​ရေးဆွဲနည်းသင်တန်းကို ယနေ့နံနက်(၉:၀၀) နာရီအချိန်က စတင်ကာ အလုံမြို့နယ် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်​ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်အား ဆက်လက်ဖြေဆို
Apr 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှစတင်ကာ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုင်းယုမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ကိုင်ဆောင်သွားလာရေးအတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းဆောင်ရွက်
Apr 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်ပြီး ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ကိုင်ဆောင်သွားလာရန်နှင့် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့လမ်းဆုံနေရာများ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။