ကျိုင်းတုံမြို့၌  အကြိမ် (၅၀)မြောက် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ ကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  အကြိမ် (၅၀)မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာ ဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို  ယနေ့ နံနက် ၉ နာရီခွဲက သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ အလှူရှင်မိသားစုများက သံဃာတော်အရှင် သူမြတ်များထံမှ  ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြပြီး ကထိန် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါ အကြိမ်(၅၀)မြောက် စုပေါင်းမဟာဘုံကထိန်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက် များနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် ပဒေသာပင် ၁၁၇ ခု စုစုပေါင်းတန်ဖိုးငွေကျပ် ၅၅၁၃၁၅၀၀ ကို မြို့အတစ်ပတ် စီတန်းလှည့်လည်ပြီး ကျိုင်းတုံမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)