ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပြီးစီးမှု အ‌ခြေအနေ များအား ကွင်းဆင်းကြည့်ရှု

ဆင်ပေါင်ဝဲ ဧပြီ ၄

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရေစုပ်စက် တပ်ဆင်ပြီးစီးမှုနှင့် ရေတင်နေမှု အခြေအနေများ၊ ရေပိုက်များသွယ်တန်း ပြီးစီးမှု အခြေအနေများနှင့်‌ ရေလှောင်ကန် ဆည်တည်ဆောက် ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြစ်ရေတင်စီမံကိန်းအတွက် လိုအပ်သည့် လုပ်ငန်းစဉ်များနှင့် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား မေးမြန်းခဲ့ရာ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ကျော်မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပြီးစီးပါက ညံတောအင်းကျေးရွာရှိ စိုက်ဧက(၂၀၀) ကျော်အတွက် စိုက်ပျိုးရေ အလုံအလောက်ရရှိမည်ဖြစ်သည့်အတွက် ရွာသူ၊ ရွာသားများ အားလုံးဝမ်းသာပျော်ရွှင်လျက်ကြောင်း သိရသည်။နိုင်လင်း(ပြန်/ဆက်)