ကျွန်းလှမြို့နယ်တွင်  တက္ကသိုလ်ဝင်စာမေးပွဲ ဓါတုဗေဒဘာသာ ဆက်လက်ဖြေဆို

ကျွန်းလှ ဧပြီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်  တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓါတုဗေဒဘာသာကို  ယနေ့နံနက် ၉ နာရီက သက်ဆိုင်ရာစာစစ်ဌာနများ၌ အေးချမ်းစွာ ဆက်လက်ဖြေဆိုကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန နှစ်ခု ဖွင့်လှစ်ထားကြောင်း၊ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၇၆ ဦးဖြစ်ကြောင်း၊ ယနေ့ ဓါတုဗေဒ ဘာသာဖြေဆိုသူ ကျောင်းသား ၅၆ ဦး၊ ကျောင်းသူ ၁၀၂ ဦး၊ စုစုပေါင်း ၁၅၈ ဦးဖြစ်ပြီး ပျက်ကွက်သူ ၁၈ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များကြီးကြပ်ပြီး၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍  လုံခြုံရေးဆောင်ရွက်ပေးကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ