လမိုင်းမြို့တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေး

လမိုင်း ဧပြီ  ၂

မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးကင်း စမှအသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက လမိုင်းမြို့ကျေးလက်ကျန်းမာရေး ဦးစီး ဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို လမိုင်းမြို့ ကျေးလက်ကျန်းမာ‌ရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  မွေးကင်းစမှ  အသက်(၁)နှစ်‌  အောက်ကလေးငယ်များအား   ဆုံဆို့နာ၊ ကြက်ညာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊  အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင် ရောဂါ၊ ပိုလိုယို ရောဂါများကို ကာကွယ်နိုင်ရန်အတွက်   ကာကွယ် ဆေးထိုးနှံခြင်း/တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးဆက်လက်ထိုးနှံ ပေး ပြီးဖြစ်ကြောင်း သိရသည်။

ဖြူဖြူအေး(ပြန်/ဆက်)