ပြင်စလူမြို့၌ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ပြင်စလူ ဧပြီ ၅  

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူး ပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မျိုးကောင်း မျိုးသန့် စိုက်ပျိုးထုတ်လုပ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အိအိမွန်က ကိုဗစ်-၁၉ ရောဂါကူးစက်နေမှု ကာလအတွင်း Online မှတစ်ဆင့် ပြည်သူလူထုအား အသိပညာပေး ဆောင်ရွက်ပေးမှုများနှင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုး ထုတ်လုပ်ရေးနှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ရာ ပြင်စလူမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦး‌ကျော်စိုးမိုးက မျိုးကောင်းမျိုးသန့် စိုက်ပျိုးရေးအတွက် တောင်သူများ ဆောင်ရွက်ရမည့်အချက်များ၊ မျိုးသန့်စိုက်ပျိုးပါက နည်းစနစ်များဖြင့် စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ဒေသမျိုးများတွင် မျိုးကောင်းရရှိအောင် ဆောင်ရွက်ရမည့် နည်းလမ်းများ အကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့ပြန်/ဆက်)