မရမ်းကုန်းမြို့နယ်၌ နိုင်ငံသား၏ကိုယ်​ရေးမှတ်တမ်းပုံစံ(၄) ကွန်ပျူတာစာရင်း​ရေးသွင်းခြင်းလုပ်ငန်း သင်တန်းဖွင့်လှစ်

မရမ်းကုန်း ဧပြီ ၅

ရန်ကုန်တိုင်း​သေကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး အစည်းအ​ဝေး ခန်းမ၌ ယမန်​နေ့နံနက် ၁၀:၃၀ နာရီအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသား၏ကိုယ်​ရေးမှတ်တမ်း ပုံစံ()ကွန်ပျူတာ စာရင်း​ရေးသွင်းခြင်းလုပ်ငန်း သင်တန်းဖွင့်လှစ်​ခဲ့သည်။

သင်တန်း၌ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်​ဇော်​ဇော်​အောင်က အဖွင့်အမှာစကား​ပြောကြားရာတွင် ကွန်ပျူတာ သင်တန်းသို့ တက်​​​ရောက်လာကြသည့် ဌာနဆိုင်ရာများအ​နေဖြင့် လုပ်ငန်းအချိန်မီပြီး​မြောက်​စေ​ရေး ဝိုင်းဝန်းကူညီ​ဆောင်ရွက်​ပေးပါရန်နှင့် အခက်အခဲရှိက အချိန်မ​ရွေးတင်ပြကြရန်​ ဆွေး​နွေး​ပြောကြာပြီး မြို့နယ်လဝက ဦးစီးမှုက လုပ်ငန်း​ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်း​ဆွေး​နွေး​ ပြောကြားခဲ့သည်

အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူ စုစု​ပေါင်း(၁၅)ဦးတက်​ရောက်ခဲ့ကြပြီး စာ​တွေ့၊ လက်​တွေ့ စာရင်း​ရေးသွင်းနည်းများ သင်ကြားခဲ့ကြ​ကြောင်း သိရ သည်။

​အေး​အေး​အောင်