လှိုင်းဘွဲမြို့နယ် မြို့နယ်ရဲမှူး  ပိုင်ကျုံမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား လိုက်လံကြည့်ရှု

ပိုင်ကျုံ   ဧပြီ   ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊ မြို့နယ်ရဲမှူး သိန်းထွန်းသည် ပိုင်ကျုံမြို့နယ် အတွင်းရှိ အ.ထ.က ပိုင်ကျုံစာစစ်ဌာနနှင့်‌ အ.ထ.ကဒေါ်လန်း စာစစ်စာဌာနတို့၌  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေမှုကို    ယမန်နေ့က လိုက်လံကြည့်ရှုခဲ့‌ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၊ မြို့နယ်ရဲမှူးနှင့် အဖွဲ့အား ပိုင်ကျုံမြို့နယ်အတွင်းရှိ  စာစစ်ဌာနများမှ   တာဝန်ရှိသူများတို့နှင့်‌  တွေ့ဆုံစာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ    စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေး ထားမှုအခြေအနေများကို  လိုက်လံကြည့်ရှုစစ်‌ဆေးပြီး မြို့နယ်ရဲမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်    တက္ကသိုလ်ဝင်စာမေးပွဲကို  တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်   မတ် ၃၁ ရက်မှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများ၌ ကျင်းပလျက်ရှိပြီး ပိုင်ကျုံ မြို့နယ်အတွင်းရှိ စာစစ်ဌာန ခု ၌  ယနေ့ ဖြေဆိုသူ ၁၅၈ ဦး (၈၈ ဒသမ ၆ ရာခိုင်နှုန်း)ရှိကြောင်း၊ စာမေးပွဲမဖြေဆိုမီ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း၊  အပူချိန်တိုင်းတာခြင်း၊ စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်၊ မမှန် စစ်ဆေးပေးခြင်းများကို ဆရာ၊ ဆရာမများက  စနစ်တကျ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းဝင်း အတွင်းနှင့်အပြင်များ၌ သက်ဆိုင် ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက    စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)