မြို့သစ်မြို့တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒ) ဘာသာရပ်ဖြေဆို

မြို့သစ် ဧပြီ ၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (ရူပဗေဒ) ဘာသာရပ်ကို စာစစ်ဌာန (၃) ခုဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ယနေ့နံနက် ၉ နာရီက ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူပေါင်း (၆၉၇) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၈၀ဒသမ၅၈) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။

၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (ရူပဗေဒ) ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၈၆၅) ဦးရှိရာ လာရောက်ဖြေဆိုသူ ကျောင်းသား (၂၈၆)ဦး၊ ကျောင်းသူ (၄၁၁)ဦး၊ စုစုပေါင်း (၆၉၇) ဦးရှိပြီး ပျက်ကွက်သူကျောင်းသား(၇၇)ဦး၊ ကျောင်းသူ(၉၁)ဦး၊ ပေါင်း (၁၆၈)ဦး လာရောက်ဖြေဆိုမူမရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၉) ရက်နေ့အထိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)