ဂွမြို့ဒေါင့်ချောင်း စစ်ဆေးရေးဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ယာဉ်များ ပိတ်ဆို့မှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်

ဂွ    နိုဝင်ဘာလ  ၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ဂွ-ငါသိုင်းချောင်း လမ်းပေါ်ရှိ ဒေါင့်ချောင်း စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ညနေပိုင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ပူးပေါင်းရေးအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက မြေပြင်ကွင်းဆင်း စစ်ဆေးရာတွင် လမ်းအထူး(၂၀)မှ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အထောက်အကူပြု အဖွဲ့ဝင်များနှင့်အတူ ယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးနှင့် ယာဉ်လိုင်းများ ပိတ်ဆို့မှုမရှိစေရေး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်