အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အကြို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လားရှိုး နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မန်ဆူဆုတောင်းပြည့်စေတီတော်တွင် ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အကြို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မန်ဆူဆုတောင်းပြည့်စေတီတော် ပရဝုဏ်အတွင်း သန့်ရှင်းရေးများဆောင်ရွက်ခြင်း၊ စေတီတော်ပတ်ပတ်လည်ရှိ ဘုရားပန်းအိုးများလဲလှယ်ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး