ပုလော နိုဝင်ဘာလ ၄
ပုလောမြို့၌ မိသားစု တစ်ပိုင်တစ်နိုင် စူပါကျောက်စိမ်းပန်း စိုက်ပျိုး၍ မိသားစု စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စူပါကျောက်စိမ်းပန်းကို စတင်စိုက်ပျိုးချိန်မှ (၄)လအတွင်း ခူးယူရောင်းချရကြောင်း၊ မိသားစု တစ်ပိုင်တစ်နိုင်ဖြစ်၍ တစ်ဧက မပြည့်သော်လည်း တစ်နေ့ ဝင်ငွေ (၁)သိန်းရှိကြောင်း၊ ပန်းစိုက်ပျိုး ရောင်းချသူဖြစ်၍ ရာသီအလိုက် ပန်းမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချ၍ တစ်ခြားသို့ ထွက်၍ စီးပွားရှာဖွေစရာမလိုဘဲ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ပန်းစိုက်ပျိုးသူ တောင်သူ ဦးထွန်းကြည်ထံမှ သိရသည်။
အဆိုပါ တောင်သူ၌ စိုက်ပျိုးဧက တစ်ဧက မပြည့်သော်လည်း ရာသီအလိုက် နှင်းဆီပန်း၊ ကျောက်စိမ်းပန်း၊ စံပယ်ပန်း၊ ပန်းတိမ်ငို၊ ဗူး၊ ခရမ်း စတဲ့ သီးနှံ အပြင် မာလကာပင်များကိုလည်း စိုက်ပျိုးထားရှိ၍ နေ့စဉ် ပုံမှန်ဝင်ငွေရရှိကာ မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဆုလဲ့ယဉ်(ပုလော)