ရွှေဘို နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ အထက(၁)တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှုး ဒေါ်မေအင်ကြင်းက၊ ကလေးသူငယ်အခွင့်အရေးကိုယ်တိုင်သိရှိနားလည်ရေး အခွင့်အရေး ၄ ရပ်၊ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်နှင့် လိုက်နာရမည့် စည်းမျဉ်း/စည်းကမ်းများအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ချောစုက သဘာဝဘေး ၉ မျိုးနှင့် ပတ်သက်၍ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရမည့်အချက်များ စောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောပြီး၊ လက်တွေ့သရုပ်ပြသခဲ့ကြောင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး၊ နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင်အလယ်တန်း၊ အထက်တန်းကျောင်းသား/သူ(၁၆၅)ဦး တက်ရောက်ခဲ့ပြီး၊မုန့်များပေးဝေခဲ့ကြောင်း ဟောပြောပွဲများကို မြို့ပေါ်ရှိ အ-ထ-က၊ အလကကြောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)