ကျောင်းကုန်းမြို့တွင် မြန်မာ့ရိုးရာအတာသင်္ကြန် ဖွင့်ပွဲအခမ်းအနား စည်ကားစွာကျင်းပ
Apr 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာအတာ သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဆေးရုံ လမ်းထောင့် ဗဟိုမဏ္ဍပ်၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ အဖွဲ့ဝင်(၃)လ.ဝ.က ဦးစီးမှူး ဦးအောင်စိုး၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်နိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။