မိုင်းငေါ့မြို့ အမှတ်(၃)တာလုံရပ်ကွက် သီရိမင်္ဂလာဓမ္မာရုံကျောင်းတိုက်၌ ဌာနဆိုင်ရာစု‌ပေါင်း မဟာဘုံကထိန်နှင့်ကံထပ်အလှူတော်မင်္ဂလာကျင်းပ

မိုင်းငေါ့ နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်နှင့်ကံထပ် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က မိုင်းငေါ့မြို့ အမှတ်(၃) တာလုံရပ်ကွက် သီရိမင်္ဂလာဓမ္မာရကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး နမ့်‌တွေတျေးရွာအုပ်စု၊မာမို့ကျောင်း ဆရာတော်ဦးအိန္ဒကထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားများ နာယူခဲ့ကြကာ မိုင်းငေါ့မြို့ မြို့အထွေ‌‌ထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အ.ထ.က၊ အ.မ.က ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ တာလုံရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့အား မိုင်းငေါ့မြို့ပေါ် ရပ်ကွက်/ကျေးရွာများရှိ ကျောင်းပေါင်း(၂၀)ကျောင်းမှ ပင့်သံဃာ(၂၆)ပါးတို့အား ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

အဆိုပါကထိန် အလှူတော်မင်္ဂလာတွင် ဌာနဆိုင်ရာများမှစု‌ပေါင်း လှူဒါန်းငွေ(၂၆၁၀၀၀၀/-)၊ တာလုံရပ်ကွက်သူ၊ ရပ်ကွက်သားများမှ စုပေါင်းလှူဒါန်းငွေ (၃၁၀၀၀၀၀/-)သိန်း စုစုပေါင်း(၅၇၁၀၀၀၀/-)တန်ဖိုးရှိ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု‌‌ငွေအစုစုတို့အား ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)